မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗဒုံရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ၂၀၂၄ခုနှစ်၊ ဧပြီလ  ၁၀ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦးဆောင်၍ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗဒုံရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချ/ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး၊ ဈေးနှုန်းမြှင့်တင်ရောင်းချ/ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော  ဆေးဝါးများကိုရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများကိုလည်းရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(စစ်ကိုင်း)