ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၁-၄-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ မြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချနေသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)