ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော စားအုန်းဆီအရောင်းကိုယ်စားလှယ်ဆိုင်ကြီးများနှင့် ဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များတွင် လက်လီဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များသို့သွားရောက်၍ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများအလွယ်တကူရရှိနိုင်ရန်နှင့် ရည်ညွှန်းဈေးအပေါ် (၂)ရာခိုင်နှုန်းအမြတ်ယူဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ မေလ(၂)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့် ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့က စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ စားအုန်ဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ အမှတ်(၂) ရပ်ကွက်ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ် ဦးရဲဝင်းကျော်ဆီဆိုင်နှင့် အမှတ်(၆)ရပ်ကွက်ရှိ စားအုန်းဆီအရောင်း ကိုယ်စားလှယ် ဦးရဲထွန်းဆီဆိုင်များတွင် စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေး၊ ဆီဈေးနှုန်းတည်ငြိမ်စေရေး၊ သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေရေးနှင့် ရောနှောဆီများဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမရှိစေရေးတို့အတွက် လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချပေးနိုင်သည့် ဆီကိုယ်စားလှယ်အရောင်းဆိုင်များအား သတ်မှတ်ခွဲတမ်းများ ခွဲဝေချထားပေးပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းများအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအနေဖြင့် မိမိတို့၏ဒေသအရောက် သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း အမှန်တကယ်ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)