စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၂-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၀)နာရီအချိန်မှစ၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးမှ (၂)ဦးပူးပေါင်းပါဝင်လျက် ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ မလိခလမ်းရှိ ဝင်းဆေးဆိုင်၊ ဦးပုညလမ်းရှိ ဝင်းပြည့်ဆေးဆိုင်၊ နေလင်းဆေးဆိုင်၊ မန္တလေးလမ်းမပေါ်ရှိ အေးရိပ်မွန်၊ ရွှေပုလဲနှင့် မိသားစုဆေးဆိုင်များ၌ ဈေးကွက်အတွင်း ဆေးဈေးနှုန်းများမြင့်တက်နေမှုရှိ/ မရှိ၊ ဆေးဝါးများပြတ်လပ်မှုရှိ/ မရှိ၊ ဆေးဈေးနှုန်းများမှာ ယခင်လထက် ယခုလအတွင်း ဈေးမြင့်တက်သွားရသည့်အကြောင်းအရင်းမှာ ဆေးဝါးအများစုကို ကုမ္ပဏီများတွင်ဝယ်ယူရပြီး ကုမ္ပဏီမှဈေးတက်၍ လိုက်တတ်ရခြင်းဖြစ်ကြောင်း၊ ဈေးကွက်အတွင်း၌ ဆေးဝါးများပြတ်လပ်မှုမရှိကြောင်း၊ သို့သော်လည်း တချို့ဆေးဝါးများမှာ ဝယ်ယူရသည့်ဈေးနှုန်းမြင့်တက်ပြီး ဝယ်လိုအားနည်းသွားသောကြောင့် ဆိုင်အများစုမှာ ဝယ်ယူရောင်းချခြင်းမရှိတော့ကြောင်းသိရှိရပြီး၊ ၎င်းနောက် FDA ၏ထောက်ခံချက်မရှိသော ဆေးဝါးများအား ရောင်းချခြင်းမပြုကြရန် အသိပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။
DOCA(ရန်ကုန်)