ပြည်ခရိုင်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်ကြီးများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား သိရှိလိုက်နာနိုင်စေရန်နှင့် ထုတ်လုပ်သော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ(၂)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်၌ ပြည်ခရိုင်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ပြည်ခရိုင်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်ကြီးများအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲသို့ စားသောက်ကုန်ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်(၁၆)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးက ပြည်ခရိုင်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ရောင်းချရာတွင် စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိရမည့် အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်နှင့်တားမြစ်ချက်များကို လိုက်နာကြရန်၊ မိမိတို့ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာ ဖော်ပြကြရန် အသိပညာပေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)