စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် (Vision) နှင့် ရည်မှန်းချက် (Mission)များကို အောင်မြင် စွာဆောင်ရွက်နိုင်စေရန် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်၊ မေလ ၆ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့သွားရောက်ကွင်းဆင်းကာ “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)