ရန်ကုန်စက်မှုဇုန်ရှိ Zuellig Pharma Service Ltd အား အဖွဲ့စုံဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်ဦးဆောင်၍ မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်များအသင်းမှ ဒေါက်တာမျိုးသန့်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းမြင့်သူ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှ၊ ဒေါ်ဇွန်လေးနွယ်၊ မင်္ဂလာဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးမျိုးဦး စသည့်အဖွဲ့ဝင်များ ပူးပေါင်း၍ (၈-၅-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် အမှတ် (၂ဘီ/ R(၆))လမ်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်နယ်ရှိ Zuellig Pharma Service ltd မှ စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကျော်ဦးနှင့်သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ဆေးသိုလှောင်ရုံအတွင်း စစ်ဆေးရာတွင် အဆီကျဆေး၊ ဆီးချိုထိန်းဆေး၊ ဆီးချိုဆေး၊ အနာကျတ်ဆေး၊ အစာအိမ်ဆေး၊ ခေါင်းမူးပြေဆေး၊ ဝမ်းပျော့ဆေး၊ ပိုးသတ်ဆေး၊ ကင်ဆာဆေး၊ မေ့ဆေး၊ ကျောက်ကပ်ဆေး၊ သန္ဓေခိုင်ဆေး၊ ခံတွင်းဖျန်းဆေး(အရည်)/အမှုန့်၊ ကိုယ်ဝန်ဆောင်အားဆေး၊ အာရုံကြောအားဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ကြီးထွားဟော်မုန်းဆေး စသည့် ‌ဆေးအမည်ပေါင်း (၁၇)မျိုး၏ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို အသေးစိတ်စိစစ်၍ ဓါတ်ပုံမှတ်တမ်းများရယူခဲ့ပြီး အဆိုပါဆေးဝါးများကို တစ်နိုင်ငံလုံးရှိ ဆေးရုံ၊ ဆေးခန်းများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)