တိုက်ကြီးမြို့နယ်အတွင်း စားအုန်းဆီရောင်းချသူများအား ရှင်းလင်းဆွေးနွေး

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း စားအုန်းဆီကိုယ်စားလှယ် (၈)ဦးသည် မြို့နယ်ခွဲများနှင့် ဈေးများသို့ နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ (၃-၅-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်သူများအား စားအုန်းဆီဈေးနှုန်းများကို မှန်ကန်စွာရောင်းချပေးရေးနှင့် ဈေးနှုန်းကျဆင်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအစည်းအဝေးခန်း၌ (၅-၅-၂၀၂၄)ရက်နေ့နှင့် (၆-၅-၂၀၂၄) ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထိုက်ဝင်း၊ ဈေးတာဝန်ခံ ဦးအောင်မင်းသိန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်တို့ဦးဆောင်၍ ဈေးကိုယ်စားလှယ်၊ ဈေးအတွင်း ဆီရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များ၊ တိုက်ကြီးမြို့နယ်မှ စားသောက်ဆိုင်ကိုယ်စားလှယ်နှင့် ဥက္ကံ၊ အဖျောက်မြို့များမှ စားသောက်ဆိုင်ကိုယ်စားလှယ်များအား စားအုန်းဆီများအရေအတွက်အပြည့်အဝရရှိရန်၊ သတ်မှတ်နေရာများသို့ရောက်ရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ သိုလှောင်ခြင်းများရှိပါက အချိန်နှင့်တပြေးညီ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိစေရန် ရှင်းလင်းဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)