ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ “ မြို့နယ်တရားမဝင်ကုန်ပစ္စည်းများတားဆီးရေးအဖွဲ့” မှ ဖမ်းဆီးရရှိထားသည့် အကောက်ခွန်မဲ့ပစ္စည်းဖြစ်ပြီး သုံးစွဲရန်မသင့်သော တဖက်နိုင်ငံမှတင်သွင်းလာသည့် Wai Wai instant Noddles, Euro cake, Freshy Roll cake,Raw for food, Sponge Cake, Scream Brand Sport Drink, ASIA Orange Juice, DAN NI YA FISH BEER, DQHW BEER, တရုတ်စာတမ်းပါအရက်၊ တရုတ်နိုင်ငံထုတ်မုန့်မျိုစုံ၊ ကျင်းထုံအမှတ်တံဆိပ်ခြင်နိုင်ဆေးခွေများအား မေလ(၁၆)ရက်နံနက်(၉:၀၀)နာရီအချိန်တွင် လားရှိုးမြို့ အကောက်ခွန်ဦးစီးဌာနရုံးဝန်းအတွင်း ဖျက်စီးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။ ဖျက်စီးခဲ့သည့်ပစ္စည်းအမျိုးအစား(၁၁)မျိုး ဖြစ်ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်(၄၁,၅၁၃,၀၀၀) ဖြစ်ကာ ၂၀၂၃ - ၂၀၂၄ဘဏ္ဍာနှစ်တွင် ပထမအကြိမ်ဖျက်စီးမှုဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါဖျက်စီးပွဲသို့ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှတာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါ သည်။
DOCA(ရှမ်း)