*ရှမ်းတောင်ဒေသထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်*

Powered by Drupal

     ၂၀၂၄ခုနှစ် ဇွန်လ ဒုတိယအပတ်တွင် ရှမ်းတောင်သီးနှံ ဈေးနှုန်းများအတက်ဖက်တွင် များနေပါသည်။တောင်သူများ မိမိသီးနှံဈေးအတက်နှင့် မိ၍အကျိုးအမြတ် ရရှိသလို ရာသီဥတုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။ ယခုတပတ် ပြောင်းသီးနှံမှာ  မြနဒီ အခြောက်ခံစက်နှင့် တောင်လေးလုံးတဝိုက်တွင် ၁၁၅၀ ကျပ်ခန့် ဈေးဖွင့်ထားပြီး ရန်ကုန်နှင့်    မန္တလေးဖက်အဓိကစီးဆင်းလျှက်ရှိပါသည်။ရှမ်းတောင်ကြက်သွန်ဖြူမှာ ဇွန်လပထမပတ်နှင့်ဒုတိယပတ်ကွာခြားချက်မှာ-

စဉ်

အမျိုးအစား

ဇွန်လပထမပတ်

ပေါက်ဈေး(ကျပ်)

ဇွန်လဒုတိယပတ်

ပေါက်ဈေး(ကျပ်)

ကွာခြားချက်

(ကျပ်)

ထူး ၁

၁၀၀၀၀

၉၈၀၀

၂၀၀

ထူး၁

၁၀၅၀၀

၁၀၂၀၀

၃၀၀

ထူး၁

၁၁၀၀၀

၁၀၅၀၀

၅၀၀

ထူး၁

၁၁၅၀၀

၁၁၀၀၀

၅၀၀

ထူး၁

၁၂၀၀၀

၁၂၀၀၀

-

ထူး၁

၁၂၅၀၀

၁၂၅၀၀

-

   ဒေါင်းဥတလုံးအကြီး၂၀၀၀၀ကျပ်နှင့်အလတ်စ၁၈၀၀၀ကျပ်ဖြစ်ပါသည်။ ဈေးနှုန်းကွာခြားချက်မှာ တစ်ပိဿာလျှင်(၂၀၀မှ၅၀၀)ကျပ် ဈေးကျလာပြီး ထူး၅နှင့်ထူးလွန်မှာ ဈေးနှုန်းမာနေဆဲဖြစ်ပါသည်။ပြည်တွင်းစားသုံးမှုနှင့် ကုန်စည်ဝင်ရောက်မှုမှာ မမျှတသဖြင့် ဈေးနှုန်းမာနေဦးမည် ဖြစ်ပါသည်။ရှမ်းမြောက်မှခရမ်းစ(အပွ)တစ်ပိဿာ၉၀၀၀ကျပ်၊၁၀၀၀၀ကျပ်ခန့်နှင့် အနည်းငယ်ဝင်ရောက်လာပြီး တရုတ်ကြက်သွန်ဖြူ(ကျူကုတ်)အဝင်မများသဖြင့်‌ ဈေးမာနေမည်ဖြစ်ပါသည်။

    အာလူးသီးနှံမှာ ဈေးနှုန်းမပြောင်းဘဲအဝင်ပါးပါးနှင့် ပြည်တွင်းသုံးမျှသာရှိနေပြီး၊အကြော်သီး (မားကစ်)မှာအဆွဲများနေပါသည်။ အမြင့်ဈေးဖြင့်ဈေးကွက်တည်ငြိမ်နေပြီး တရုတ်အာလူးအဝင် မများသရွေ့ဈေးမာနေဦးမည်ဖြစ်ပါသည်။

    ချင်းသီးနှံမှာ ဝယ်လိုအားနည်းပြီးဈေးငြိမ်နေပါသည်။မကြာခင် ချင်းဥ မပေါ်တော့မည်ဖြစ်ရာ ကုန်စည်နှင့် ဝယ်လိုအားမျှတနေသဖြင့်ချင်းအတက်ကြီး ဈေးတည်ငြိမ်နေဦးမည် ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ် ရေးကောင်းလျှင်ဖြင့် ဈေးမာလာနိုင်ပါသည်။ယခုအပတ်ပေါက်ဈေးမှာ(၈၀၀၀-၈၅၀၀)ဖြစ်ပါသည်။ နနွင်းသီးနှံမှာလည်း ဈေးမပြောင်းလည်းဘဲ အရောင်းအဝယ်အေးနေပါသည်။

      ယခု ဇွန်လဒုတိယအပတ်တွင် ခရမ်းချဉ်ဈေးမြင့်တက်လာပါသည်။ပထမပတ်နှင့်ဒုတိယပတ် ကွာခြားချက်မှာ-

 

စဉ်

အမျိုးအစား

ဇွန်လပထမပတ်

ပေါက်ဈေး(ကျပ်)

ဇွန်လဒုတိယပတ်

ပေါက်ဈေး(ကျပ်)

ကွာခြားချက်

(ကျပ်)

ကျင်းသီးဂွတ်ရှယ်

၃၅၀၀

၄၀၀၀

၅၀၀

ကျင်းသီးရှယ်

၃၃၀၀

၃၈၀၀

၅၀၀

ကျင်းသီးသေး

၃၀၀၀

၃၅၀၀

၅၀၀

ရိုးရိုး

၂၈၀၀

၃၂၀၀/၃၇၀၀

၄၀၀

          ဇွန်လပထမပတ်နှင့် ဒုတိယပတ်အတွင်း တစ်ပိဿာလျှင်၅၀၀ခန့်ထိဈေးမြင့်လာခဲ့ ပါသည်။ ဈေးမြင့်လာရခြင်းမှာ အင်းသီးပေါ်သော်လည်း စိုက်ခင်းအချို့ ရေနစ်သဖြင့် ၎င်းသွင်းအားစု ဈေးကြီးမြင့်လာသဖြင့် ဈေးနှုန်းမတည်ငြိမ်လျှင်အရှုံးပေါ်မည်စိုး၍ မစိုက်ကြရာအထွက်လျော့ကျလာပါသည်။ဂေါ်ဖီသီးနှံမှာလည်း ပထမပတ် ၃၀၀၀/၃၂၀၀ကျပ်ပေါက်ရာမှ ချိန်းထုပ် နှစ်ပိဿာခန့်၃၈၀၀နှင့်အလတ်၃၆၀၀ခန့်ဈေးပေါက်နေပါသည်။တစ်ပိဿာလျှင် ၆၀၀ခန့် ဈေးမြင့်လာပါသည်။ပန်းမုန်လာမှာလည်း ၁၈၀၀/၂၀၀၀ကျပ် ယခုတပတ် ဈေးမပြောင်းဘဲ ရှိနေပါသည်။ဘိုစားပဲ(လုံး)ကြီး နှင့်အလတ်လည်း၄၀၀၀/၄၅၀၀ကျပ်နှင့် ဈေးမပြောင်းလဲပါ၊ ရွှေပဲသီးမှာ ၂၀၀၀၀/၂၅၀၀၀ကျပ်မှ၁၂၀၀၀/၁၅၀၀၀ကျပ်ခန့်သာ ဈေးဖွင့်ထားပါသည်။ ခရမ်းသီး (ကုန်းသီး) ၂၀၀၀/၂၂၀၀ကျပ်ဈေးပေါက်နေပါသည်။ငြုပ်ပွမှာ၁၂၀၀နှင့်၁၅၀၀ကြားဈေးဖွင့်ထားပြီးရှယ်သွယ်ခြောက်မှာ ၁၀၀၀၀ကျပ်နှင့် ရှယ်ပွခြောက်မှာ၉၀၀၀ကျပ်ခန့် ဈေးရှိပါသည်။

   သီးနှံများ၏ဈေးနှုန်းဈေးကွက် မတည်ငြိမ်မှုကြောင့် ဈေးနှုန်းများမြင့်တက်လာပြီး စိုက်ပျိုးသူ တောင်သူရော/ရောင်းဝယ်ဖောက်ကားသူ ကုန်သည်ပွဲစားများ အရှုံး/အမြတ်ကြီးမားနိုင်သဖြင့် ဈေးကွက်ကို ချိန်ဆသုံးသပ်လှုပ်ရှားသင့်ပါကြောင်းနှင့် အခြေခံစားကုန်ဟင်းသီးဟင်းရွက်များ ဈေးမြင့်လာလျှင် အစားထိုးသုံးစွဲဖို့နည်းလမ်းရှာကြံသင့်ပါသည်။ ဥပမာ - ခရမ်းချဉ်ဈေးကြီးလျှင် မန်ကျည်းသီးနှင့် ဟင်းချက်နိုင်သလိုမျိုး အစားထိုးသုံးစွဲဖို့ နည်းလမ်းရှာသင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။

 

DOCA(ရှမ်း)