၂၀၂၄ခုနှစ် ဇွန်လ ဒုတိယအပတ်တွင် ရှမ်းတောင်သီးနှံ ဈေးနှုန်းများအတက်ဖက်တွင် များနေပါသည်။တောင်သူများ မိမိသီးနှံဈေးအတက်နှင့် မိ၍အကျိုးအမြတ် ရရှိသလို ရာသီဥတုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။ ယခုတပတ် ပြောင်းသီးနှံမှာ မြနဒီ အခြောက်ခံစက်နှင့် တောင်လေးလုံးတဝိုက်တွင် ၁၁၅၀ ကျပ်ခန့် ဈေးဖွင့်ထားပြီး ရန်ကုန်နှင့် မန္တလေးဖက်အဓိကစီးဆင်းလျှက်ရှိပါသည်။ရှမ်းတောင်ကြက်သွန်ဖြူမှာ ဇွန်လပထမပတ်နှင့်ဒုတိယပတ်ကွာခြားချက်မှာ-
စဉ် |
အမျိုးအစား |
ဇွန်လပထမပတ် ပေါက်ဈေး(ကျပ်) |
ဇွန်လဒုတိယပတ် ပေါက်ဈေး(ကျပ်) |
ကွာခြားချက် (ကျပ်) |
၁ |
ထူး ၁ |
၁၀၀၀၀ |
၉၈၀၀ |
၂၀၀ |
၂ |
ထူး၁ |
၁၀၅၀၀ |
၁၀၂၀၀ |
၃၀၀ |
၃ |
ထူး၁ |
၁၁၀၀၀ |
၁၀၅၀၀ |
၅၀၀ |
၄ |
ထူး၁ |
၁၁၅၀၀ |
၁၁၀၀၀ |
၅၀၀ |
၅ |
ထူး၁ |
၁၂၀၀၀ |
၁၂၀၀၀ |
- |
၆ |
ထူး၁ |
၁၂၅၀၀ |
၁၂၅၀၀ |
- |
ဒေါင်းဥတလုံးအကြီး၂၀၀၀၀ကျပ်နှင့်အလတ်စ၁၈၀၀၀ကျပ်ဖြစ်ပါသည်။ ဈေးနှုန်းကွာခြားချက်မှာ တစ်ပိဿာလျှင်(၂၀၀မှ၅၀၀)ကျပ် ဈေးကျလာပြီး ထူး၅နှင့်ထူးလွန်မှာ ဈေးနှုန်းမာနေဆဲဖြစ်ပါသည်။ပြည်တွင်းစားသုံးမှုနှင့် ကုန်စည်ဝင်ရောက်မှုမှာ မမျှတသဖြင့် ဈေးနှုန်းမာနေဦးမည် ဖြစ်ပါသည်။ရှမ်းမြောက်မှခရမ်းစ(အပွ)တစ်ပိဿာ၉၀၀၀ကျပ်၊၁၀၀၀၀ကျပ်ခန့်နှင့် အနည်းငယ်ဝင်ရောက်လာပြီး တရုတ်ကြက်သွန်ဖြူ(ကျူကုတ်)အဝင်မများသဖြင့် ဈေးမာနေမည်ဖြစ်ပါသည်။
အာလူးသီးနှံမှာ ဈေးနှုန်းမပြောင်းဘဲအဝင်ပါးပါးနှင့် ပြည်တွင်းသုံးမျှသာရှိနေပြီး၊အကြော်သီး (မားကစ်)မှာအဆွဲများနေပါသည်။ အမြင့်ဈေးဖြင့်ဈေးကွက်တည်ငြိမ်နေပြီး တရုတ်အာလူးအဝင် မများသရွေ့ဈေးမာနေဦးမည်ဖြစ်ပါသည်။
ချင်းသီးနှံမှာ ဝယ်လိုအားနည်းပြီးဈေးငြိမ်နေပါသည်။မကြာခင် ချင်းဥ မပေါ်တော့မည်ဖြစ်ရာ ကုန်စည်နှင့် ဝယ်လိုအားမျှတနေသဖြင့်ချင်းအတက်ကြီး ဈေးတည်ငြိမ်နေဦးမည် ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ် ရေးကောင်းလျှင်ဖြင့် ဈေးမာလာနိုင်ပါသည်။ယခုအပတ်ပေါက်ဈေးမှာ(၈၀၀၀-၈၅၀၀)ဖြစ်ပါသည်။ နနွင်းသီးနှံမှာလည်း ဈေးမပြောင်းလည်းဘဲ အရောင်းအဝယ်အေးနေပါသည်။
ယခု ဇွန်လဒုတိယအပတ်တွင် ခရမ်းချဉ်ဈေးမြင့်တက်လာပါသည်။ပထမပတ်နှင့်ဒုတိယပတ် ကွာခြားချက်မှာ-
စဉ် |
အမျိုးအစား |
ဇွန်လပထမပတ် ပေါက်ဈေး(ကျပ်) |
ဇွန်လဒုတိယပတ် ပေါက်ဈေး(ကျပ်) |
ကွာခြားချက် (ကျပ်) |
၁ |
ကျင်းသီးဂွတ်ရှယ် |
၃၅၀၀ |
၄၀၀၀ |
၅၀၀ |
၂ |
ကျင်းသီးရှယ် |
၃၃၀၀ |
၃၈၀၀ |
၅၀၀ |
၃ |
ကျင်းသီးသေး |
၃၀၀၀ |
၃၅၀၀ |
၅၀၀ |
၄ |
ရိုးရိုး |
၂၈၀၀ |
၃၂၀၀/၃၇၀၀ |
၄၀၀ |
ဇွန်လပထမပတ်နှင့် ဒုတိယပတ်အတွင်း တစ်ပိဿာလျှင်၅၀၀ခန့်ထိဈေးမြင့်လာခဲ့ ပါသည်။ ဈေးမြင့်လာရခြင်းမှာ အင်းသီးပေါ်သော်လည်း စိုက်ခင်းအချို့ ရေနစ်သဖြင့် ၎င်းသွင်းအားစု ဈေးကြီးမြင့်လာသဖြင့် ဈေးနှုန်းမတည်ငြိမ်လျှင်အရှုံးပေါ်မည်စိုး၍ မစိုက်ကြရာအထွက်လျော့ကျလာပါသည်။ဂေါ်ဖီသီးနှံမှာလည်း ပထမပတ် ၃၀၀၀/၃၂၀၀ကျပ်ပေါက်ရာမှ ချိန်းထုပ် နှစ်ပိဿာခန့်၃၈၀၀နှင့်အလတ်၃၆၀၀ခန့်ဈေးပေါက်နေပါသည်။တစ်ပိဿာလျှင် ၆၀၀ခန့် ဈေးမြင့်လာပါသည်။ပန်းမုန်လာမှာလည်း ၁၈၀၀/၂၀၀၀ကျပ် ယခုတပတ် ဈေးမပြောင်းဘဲ ရှိနေပါသည်။ဘိုစားပဲ(လုံး)ကြီး နှင့်အလတ်လည်း၄၀၀၀/၄၅၀၀ကျပ်နှင့် ဈေးမပြောင်းလဲပါ၊ ရွှေပဲသီးမှာ ၂၀၀၀၀/၂၅၀၀၀ကျပ်မှ၁၂၀၀၀/၁၅၀၀၀ကျပ်ခန့်သာ ဈေးဖွင့်ထားပါသည်။ ခရမ်းသီး (ကုန်းသီး) ၂၀၀၀/၂၂၀၀ကျပ်ဈေးပေါက်နေပါသည်။ငြုပ်ပွမှာ၁၂၀၀နှင့်၁၅၀၀ကြားဈေးဖွင့်ထားပြီးရှယ်သွယ်ခြောက်မှာ ၁၀၀၀၀ကျပ်နှင့် ရှယ်ပွခြောက်မှာ၉၀၀၀ကျပ်ခန့် ဈေးရှိပါသည်။
သီးနှံများ၏ဈေးနှုန်းဈေးကွက် မတည်ငြိမ်မှုကြောင့် ဈေးနှုန်းများမြင့်တက်လာပြီး စိုက်ပျိုးသူ တောင်သူရော/ရောင်းဝယ်ဖောက်ကားသူ ကုန်သည်ပွဲစားများ အရှုံး/အမြတ်ကြီးမားနိုင်သဖြင့် ဈေးကွက်ကို ချိန်ဆသုံးသပ်လှုပ်ရှားသင့်ပါကြောင်းနှင့် အခြေခံစားကုန်ဟင်းသီးဟင်းရွက်များ ဈေးမြင့်လာလျှင် အစားထိုးသုံးစွဲဖို့နည်းလမ်းရှာကြံသင့်ပါသည်။ ဥပမာ - ခရမ်းချဉ်ဈေးကြီးလျှင် မန်ကျည်းသီးနှင့် ဟင်းချက်နိုင်သလိုမျိုး အစားထိုးသုံးစွဲဖို့ နည်းလမ်းရှာသင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။
DOCA(ရှမ်း)