
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ များကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများ နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ လက္ကား အကြီး(၁)လုံးလျှင်(၅၃၀)ကျပ်၊ ကြက်ဥ လက်လီ အကြီး(၁)လုံး လျှင် (၅၅၀) ကျပ်၊ ကြက်ဥ လက္ကား အလတ် (၁)လုံးလျှင်(၄၈၀)ကျပ်၊ ကြက်ဥ လက်လီ အလတ်(၁)လုံးလျှင်(၅၀၀)ကျပ်၊ ကြက်ဥ လက္ကား အသေး(၁)လုံးလျှင်(၃၈၀)ကျပ်၊ ကြက်ဥ လက်လီ အသေး(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် ဘဲဥ လက္ကား (၁)လုံးလျှင် (၆၃၀) ကျပ်၊ ဘဲဥ လက်လီ(၁)လုံးလျှင် (၆၅၀)ကျပ် နှင့် ငုံးဥ လက္ကားဈေး(၁၀)လုံးလျှင် (၉၅၀)ကျပ်၊ ငုံးဥ လက်လီဈေး (၁)လုံးလျှင် (၁၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။
DOCA( စစ်ကိုင်း)