ကြံထွက်ရှိရာဒေသအသီးသီးတို့မှ ကြံထွက်ရာသီချိန်ကုန်၍ ပွက်သားလက်ကျန်နည်းပါးမှုများ ရှိလာ ကြောင်း တွေ့ရှိရပါတယ်။ ကြံရာသီချိန်တွင် ကျိုချက်ထားသောပွက်သားများကို ကြံထွက်ရှိရာဒေသများ ဖြစ်သော ကသာ၊ ထီးချိုင့်၊ ပြင်ဦးလွင်၊ နောင်ချို၊ ရှမ်းမြောက်များမှ မန္တလေးမြို့သို့ တင်ပို့ရောင်းချပြီး သကြားစက် များမှ ထွက်ရှိသည့် ပြည်တွင်းသကြားများကို မုန့်မျိုးစုံလုပ်ငန်း၊ အချိုရည်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ နို့်ချက်လုပ်ငန်းတို့တွင် အများဆုံးအသုံးပြုကြပါသည်။ သကြားဈေးနှင့် ပွက်သားဈေးတို့မှာ၂၀၂၄၊ ဇွန်လဒုတိယပတ်တွင် တစ်ပိဿာလျှင်-၂၇၀၀ မှ ၂၈၀၀ ကျပ်၊ ပေါင်းသကြားဈေးတို့မှာ တစ်ပိဿာလျှင်-၄၇၀၀ မှ ၄၉၀၀ကျပ်ထိ ဈေးမြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လဒုတိယပတ်ပွက်သားဈေးနှုန်းမှာ-၁၅၈၀ မှ ၁၆၀၀၊ ပေါင်သကြားဈေးနှုန်းမှာ -၁၁၅၀ကျပ်ဖြစ်သဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တပိဿာလျှင် ပွက်သားဈေးမှာ-၁၂၀၀ ကျပ်ကွာခြားပြီး ပေါင်းသကြားဈေးမှာ -၂၇၅၀ ကျပ် ဈေးမြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ယခုနှစ်ဈေးမြင့်တက်ရခြင်းမှာ သယ်ယူစရိတ်ကြီးမားခြင်း၊ လုပ်အားခဈေးနှုန်းများ မြှင့်တက်လာခြင်းတို့ကြောင့်လည်း ပါဝင်ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)