Main menu

ကြံထွက်ရာသီချိန်ကုန်၍ ပွက်သားဈေးနှင့်သကြားဈေးများတက်လျက်ရှိ

Powered by Drupal

       ကြံထွက်ရှိရာဒေသအသီးသီးတို့မှ  ကြံထွက်ရာသီချိန်ကုန်၍ ပွက်သားလက်ကျန်နည်းပါးမှုများ ရှိလာ ကြောင်း တွေ့ရှိရပါတယ်။ ကြံရာသီချိန်တွင် ကျိုချက်ထားသောပွက်သားများကို ကြံထွက်ရှိရာဒေသများ ဖြစ်သော ကသာ၊ ထီးချိုင့်၊ ပြင်ဦးလွင်၊ နောင်ချို၊ ရှမ်းမြောက်များမှ မန္တလေးမြို့သို့ တင်ပို့ရောင်းချပြီး သကြားစက် များမှ ထွက်ရှိသည့် ပြည်တွင်းသကြားများကို မုန့်မျိုးစုံလုပ်ငန်း၊ အချိုရည်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ နို့်ချက်လုပ်ငန်းတို့တွင် အများဆုံးအသုံးပြုကြပါသည်။ သကြားဈေးနှင့် ပွက်သားဈေးတို့မှာ၂၀၂၄၊ ဇွန်လဒုတိယပတ်တွင် တစ်ပိဿာလျှင်-၂၇၀၀ မှ ၂၈၀၀ ကျပ်၊ ပေါင်းသကြားဈေးတို့မှာ တစ်ပိဿာလျှင်-၄၇၀၀ မှ ၄၉၀၀ကျပ်ထိ ဈေးမြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လဒုတိယပတ်ပွက်သားဈေးနှုန်းမှာ-၁၅၈၀ မှ ၁၆၀၀၊ ပေါင်သကြားဈေးနှုန်းမှာ -၁၁၅၀ကျပ်ဖြစ်သဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တပိဿာလျှင် ပွက်သားဈေးမှာ-၁၂၀၀ ကျပ်ကွာခြားပြီး ပေါင်းသကြားဈေးမှာ -၂၇၅၀ ကျပ် ဈေးမြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ယခုနှစ်ဈေးမြင့်တက်ရခြင်းမှာ သယ်ယူစရိတ်ကြီးမားခြင်း၊ လုပ်အားခဈေးနှုန်းများ မြှင့်တက်လာခြင်းတို့ကြောင့်လည်း ပါဝင်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)