မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

    မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းသည်။

        ယခုအချိန်တွင် ဒေသတွင်းထွက်ကုန်မရှိသောကြောင့် ဒေသတွင်းခရမ်းချဉ်သီးများဝင်ရောက်မှုနည်းပါးပြီး ဈေးကွက်တွင် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ မေလ တတိယအပတ်၌ မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်ခဲ့သော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၄၀၀၀-၄၅၀၀) ဖြစ်၍  ယခုဇွန်လ၊ တတိယအပတ်တွင် ကျပ် (၅၅၀၀-၆၀၀၀) အထိဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းနှင့် ဈေနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်းထွက်ကုန်မရှိခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများဝယ်ယူရောင်းချရာတွင် သယ်ယူစရိတ်မြင့်မားခြင်းကြောင့်ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)