မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းသည်။
ယခုအချိန်တွင် ဒေသတွင်းထွက်ကုန်မရှိသောကြောင့် ဒေသတွင်းခရမ်းချဉ်သီးများဝင်ရောက်မှုနည်းပါးပြီး ဈေးကွက်တွင် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ မေလ တတိယအပတ်၌ မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်ခဲ့သော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၄၀၀၀-၄၅၀၀) ဖြစ်၍ ယခုဇွန်လ၊ တတိယအပတ်တွင် ကျပ် (၅၅၀၀-၆၀၀၀) အထိဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းနှင့် ဈေနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်းထွက်ကုန်မရှိခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများဝယ်ယူရောင်းချရာတွင် သယ်ယူစရိတ်မြင့်မားခြင်းကြောင့်ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)