တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ ဗိုလ်ချုပ်လမ်းရှိ WED အလှကုန်အမျိုးမျိုး အရောင်းဆိုင်သို့ သွားရောက်၍ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် WED အလှကုန်အမျိုးမျိုး အရောင်းဆိုင်ရှိ ကုန်ပစ္စည်းများကို စားသုံးသူဥပဒေပါကုန်အညွှန်းအမှတ်အသားအချက်အလက်များပြည့်စုံစွာပါရှိစေရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနထောက်ခံချက်နှင့် စျေးကွက်အတွင်း သုံးစွဲသူများအသုံးပြုရန်(သို့)သုံးစွဲရန်အာမခံ ချက်မရှိသောကုန်စည်များမရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များ လိုက်နာဆောင်ရွက်ရန်ပြောကြားခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(တနင်္သာရီ)