ဆိပ်ဖြူမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေး

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၁.၅.၂၀၂၂)ရက်နေ့၊ နံနက်  (၀၉:၃၀)နာရီ အချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ ယောဝရပ်ကွက်ရှိ "လင်း"သောက်ရေသန့်လုပ်ငန်း၊ အနောက်ပိုင်းရပ်ကွက်ရှိ"ယောနဒီ" နှင့် "ကြည်သာ" သောက်ရေသန့်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           အသိပညာပေးဆွေးနွေးခဲ့ရာတွင်ဆိပ်ဖြူမြို့နယ်တာဝန်ခံဦးဇော်နေလင်းမှ ရေသန့်လုပ်ငန်းရှင် များအား စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် စားသုံးသူအခွင့်အရေးများကို သိရှိလိုက်နာစေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အမှတ်တံဆိပ်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ ရာတွင် စိစစ်ခွင့်ပြုချက်ရရှိထား သည့်အတိုင်း ထုတ်လုပ်ရောင်းချ၍ ကုန်စည်ပေါ်တွင် ကုန်အမှတ် တံဆိပ်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြရောင်းချရမည်ဖြစ်ကြောင်း၊ စိစစ်ခွင့်ပြု ချက်ရရှိသော အမှတ်တံဆိပ်တွင် ပါရှိသည့်အတိုင်း ဖော်ပြထားခြင်းမရှိဘဲ ကုန်စည်များကို ရောင်းချခြင်းတွေ့ရှိပါက ကုန်အမှတ် တံဆိပ်ခွင့်ပြုခြင်းများ ပြန်လည်သိမ်းဆည်းသွားမည် ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

         ဒု-ဦးစီးမှူးဒေါ်မြင့်မြင့်သန်းမှ ရေသန့်လုပ်ငန်းရှင်များအား လူတိုင်းသည် ကျန်းမာစွာဖြင့် အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ရေကို နေ့စဉ်သောက်သုံးရ၍ အဓိကအရေးပါသော ကုန်စည်တစ်ခုဖြစ်ကြောင်း၊ ရေသန့်ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသော သောက်ရေသန့်ကိုသာ ထုတ်လုပ်ရောင်းချသင့်ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်း၏တန်ဖိုးနှင့်အညီ အပြည့်အဝပေး၍ ဝယ်ယူသုံးစွဲခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အတ္တ၊ ပရမျှတစွာဖြင့် မိမိတို့ ထုတ်လုပ်သောရေကို အဆင့်ဆင့်ကျိုချက်ပြီး အမှုန်အနည်များမပါရှိသော သန့်စင်သည့်ရေများကိုသာ ရေသန့်ဗူးအတွင်းထည့်၍ ရောင်းချပေးစေလိုကြောင်း၊ ရောင်းချရာတွင်ရေသန့်ဗူးများကိုလည်း သန့်သန့်ရှင်းရှင်းဖြင့် ပြုလုပ်ဆောင်ရွက်ပြီးမှသာ ရောင်းချရန်လိုအပ်ကြောင်း၊ ရေသန့်လုပ်ငန်းရှင်များအနေဖြင့် မိမိကုန်စည်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှုကိုလည်း အာမခံမှုပေးရမည် ဖြစ်ကြောင်း၊ ကုန်စည်ကြောင့် စားသုံးသူအနေနှင့်ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက စားသုံးသူမှ တိုင်းကြားနိုင်သည့် အခွင့်အရေးများရှိကြောင်းနှင့် ရေသန့်လုပ်ငန်းရှင်များနှင့် အလုပ်သမားဝန်ထမ်းများကို စီးပွားရေးလုပ်ငန်းရှင်၏လိုက်နာရမည့်တာဝန်များနှင့် စာသုံးသူများဘက်မှ ရယူတောင်းဆိုနိုင်သည့် အခွင့်အရေးများကို သိရှိရန်အတွက် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမင်းစည်သူမှ လုပ်ငန်းရှင်များအနေဖြင့် ရေသန့်များကို အဆင့်ဆင့်ကျိုချက်ထုတ်လုပ်ခြင်းမရှိဘဲ ရေတွင်းမှရေကို တိုက်ရိုက် စက်ဖြင့်ခုတ်ပြီး ရေသန့်ဗူးများအတွင်းသို့ထည့်၍ အခြားမြို့နယ်များတွင် ရောင်းချနေကြောင်း သတင်းရရှိ၍ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ရေသန့်လုပ်ငန်းရှင်များအား ကျိုချက် သန့်စင်ပြီးစီးကြောင်း အထောက်အထားများနှင့်တကွ စစ်ဆေးပြီးသော ရေသန့်နမူနာများကို မြို့နယ်စည်ပင်ရုံးသို့ အမြန်ဆုံးလာရောက် ပို့ပေးစေလိုကြောင်းနှင့် ရေသန့်စက်ရုံဝန်းအတွင်း၌ သန့်ရှင်းသပ်ရပ်စွာဖြင့် ရေသန့်များကို ထုတ်လုပ်ရောင်းချစေလိုကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)