သောက်ရေသန့်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

           (၅-၅-၂၀၂၂)ရက်နေ့တွင် ရခိုင်ပြည်နယ် သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ  ဦးဆောင်၍ သံတွဲခရိုင် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် သံတွဲမြို့ ဒွါရာဝတီမြို့သစ် (ခ)ရပ်ကွက် (၇)လမ်းရှိ AWW  သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ကင်းရှင်းသော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဗူးပေါ်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြစေရန် ရည်ရွယ်၍ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် စက်ရုံဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာဖော်ပြစေရေး၊  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ‌ဆောင်ရွက်ရမည့် တာဝန်နှင့်တားမြစ်ချက်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သောက်ရေသန့်ထုတ်လုပ်သည့် စက်ရုံနှင့်စက်ရုံ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ အသုံးပြုသော သောက်ရေသန့်ဗူးခွံများ သန့်ရှင်းမှုရှိစေ‌ရေး၊ ကောင်းမွန်သောသန့်ရှင်းမှုစနစ်၊ ကောင်းမွန်သောထုတ်လုပ်မှုစနစ်နှင့်အညီ ထုတ်လုပ်စေရေးအတွက်  အသိပညာပေးဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)