တာချီလိတ်ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ မေလ၊ (၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များတွင် Bella Plus Plaster များကို  ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Resgistration NO.(IR) များဖော်ပြ၍ စနစ်တကျရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ Bella Plus Plaster များကို တာချီလိတ်မြို့နယ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေမှု မရှိကြောင်းတွေ့ရှိရပြီး မြို့နယ်တာဝန်ခံက ဆေးဝါးအရောင်းဆိုင်များကို စားသုံးသူကာကွယ်ဉပဒေ၊ အခန်း(၉)ပါ “စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”အား သိရှိနိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)