ဒိုက်ဦးမြို့နယ် ဓာတ်မြေသြဇာ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၃) စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) ၌ ၂၇.၄.၂၀၂၂ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး  ၊ ဝန်ကြီးချုပ်မှ ထောက်ပံပေးအပ်သော ဓာတ်မြေသြဇာအိတ်များကို တစ်နှစ်သုံးသီး စိုက်ပျိုးသော ဒိုးတန်းကျေးရွာမှ တောင်သူဦးမောင်စိုးထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောတောင်သူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ အမှာစကားပြောကြားခဲ့ပြီး တောင်သူဦးမောင်စိုးက ဓာတ်မြေသြဇာ ၂၀ အိတ်အား ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)