မွန်ပြည်နယ်၌ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

             မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ၁၃.၅.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ သံလွင်ဈေးနှင့် ဘိုကုန်းရပ်ကွက် လမ်းဘေး ဝဲ/ယာ ဆိုင်များအားလည်းကောင်း၊ သထုံခရိုင်မှ ဝန်ထမ်းများသည် ၁၃.၅.၂၀၂၂ ရက်နေ့တွင် သထုံမြို့ပေါ်ရှိ ဆေးဆိုင် (၄) ဆိုင်အားလည်းကောင်း၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၆.၅.၂၀၂၂ ရက်နေ့တွင် ချောင်းဆုံမြို့ပေါ်ရှိ ဆေးဆိုင် (၃) ဆိုင်အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်များ၌ ရောင်းချနေသော ဆေးဝါးများ၊ အနာကပ်ပလာစတာများမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No (IR) များ ဖော်ပြထားခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ညွှန်ကြားချက်အတိုင်း ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းကျော်လွန်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)