စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မြင့်မားရေး စားသုံးသူကာကွယ်ရေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သဲကုန်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများသည် (၉.၅.၂၀၂၂) ရက်နေ့ ၊ နေ့လည် (၁:၃၀)တွင် သဲကုန်းမြို့နယ် သစ်နီတောအုပ်စု၊ သစ်နီတော ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆွေးနွေးပွဲသို့တက်ရောက်လာသော တောင်သူ (၄၈)ဦးအား စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များကို ဆွေးနွေးဟောပြောပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးဆီဖူလှုံမှုရှိစေရေး၊ မိုးနေကြာ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေးအတွက် နေကြာအစုအဖွဲ့များ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)