“မိတ္ထီလာခရိုင်တွင်း  ရွှေတောင် - ၁၀ ထွက်နှုန်းကောင်း ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ”

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးဖြိုးဓနလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကန်တောင်ရှေ့တန်း စခန်းတာဝန်ခံ ဦးနေဖြိုးသူနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ မိတ္ထီလာမြို့ ကန်တောင်ရှေ့တန်းစခန်းအတွင်းရှိ ခင်တဲကျေးရွာအုပ်စု အောင်ကန်ကျေးရွာမှ ဝါ (၃) ဧက စိုက်ပျိုးထားသော ဦးအောင်စိုး၊ ဦးဌေးအောင်တို့အားလည်းကောင်း၊လှည်းပွဲ ကျေးရွာအုပ်စု ဝါ (၁၀) ဧကစီ စိုက်ပျိုးထားသော ဦးဝင်းမြင့်၊ ဦးဝင်းသန်း၊ ဦးခင်မောင်ရွှေတို့အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          နိုင်ငံတော် စီမံကိန်းဖြင့် စိုက်ပျိုးထားသော ဝါ (၄၀၀) ဧကအား ဝါသီးနှံစိုက်ပျိုးဖြစ်ထွန်းမူ့အခြေအနေနှင့် ရေကြီးနစ်မြှပ်ထိခိုက် ပျက်စီးဆုံးရှုံးမှု့ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ဝါစိုက်ပျိုးသူတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေတောင် (၁၀)ဝါမျိုးနှင့် သွင်းအားစုများအား မန္တလေးတိုင်း အစိုးရအဖွဲ့မှ အစိုးရစျေးနှုန်းဖြင့် ထုတ်ယူခွင့်ပေးခဲ့ကြောင်း သိရပါသည်။

          ယခုအခါ တောင်သူများမှာသမရိုးကျ စိုက်ပျိုးခြင်းမဟုတ်ပဲမြို့နယ်စိုက်ပျိုးရေး၏ လမ်းညွှန်ချက်နှင့်အညီ သိပ္ပံနည်းကျ စိုက်ပျိုး၍ အပင်များ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမည် ဖြစ်ပါကြောင်း သိရှိရပါသည်။

          ယခုအချိန်အထိ ဝါပင်များမှာ ဖြစ်ထွန်းအောင်မြင်၍ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း ဝါဂွမ်းများကို (၅)လပိုင်းအကုန်တွင် စတင်ကောက်ရမည်ဖြစ်ကြောင်း၊ ဝါစျေးနှုန်းနှင့် စျေးကွက်ကောင်းမွန်လိုကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)