မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသည့်ဆီဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး  ဦးလှထွဋ်ဦးတို့သည် (၂၄.၅.၂၀၂၂)ရက်နေ့ နေ့လည်(၁၃;၀၀)နာရီအချိန်က မြောင်းမြမြို့ စားသုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသော စားသုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးဆီများသယ်ဆောင်၊ သိုလှောင်၊ ဖြန့်ဖြူးရာတွင် စားသုံးသူပြည်သူများ ဘေးဥပါတ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆီကန်မှထုတ်ယူသော စားသုံးဆီများအား ၂၀၂၂ ခုနှစ်၊ မေလ(၁)ရက်နေ့မှစတင်၍ Food Grade အဆင့်ရှိ အဝါရောင်ပေပါအသစ် (သို့)သန့်စင်ပြီးပေပါများ၊ စားသုံးဆီသယ်ဆောင်သော Food Grade Bowser  Truck များဖြင့် စတင်အသုံးပြုရန်၊ ဈေးကွက်အတွင်းဖြန့်ဖြူးရာ၌ ဓါတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် Drum များတွင် စားအုန်းဆီများထည့်သွင်းသုံးစွဲခြင်းမပြုရန်၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် Food Grade (New Drum/ Clean Drum / Jerry Can/ Consumer Pack ) များ အသုံးပြုရန်၊ ဈေးကွက်အတွင်းဖြန့်ဖြူးမည့် ထုတ်ပိုးပစ္စည်းများအပေါ်တွင် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ   ခွင့်ပြုချက်ရရှိပြီး၊   သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal များဖြင့်ချိတ်ပိတ်ပြီး ကုန်အမှတ်တံဆိပ် (Logo) များကပ်နှိပ်၍ ပြည်ပမှ စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်ကျောင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များလိုက်နာဆောင်ရွက်ကြရန်နှင့် တိုးတက်သုံးစွဲလာသည့် အခြေအနေများကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရိပါသည်။

ဧရာဝတီ(DOCA)