ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာတွင်  လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုး နှင့် ဝန်ထမ်းများသည် (၂၅.၅.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) မှ (၁၂:၃၀) နာရီအချိန်ထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ နန်းတော်ကုန်းကျေးရွာရှိ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင် ၇ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။       

               အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဌာနဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်ပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။

          ၎င်း ဟောပြောပွဲတွင် ဓနုဖြူမြို့နယ်မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များနှင့်  တားမြစ်ချက်များအကြောင်း၊ မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ပေးရေးဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ပြစ်မှုပြစ်ဒဏ်များအကြောင်း အကျယ်ဝင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါကလည်း doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အပြန်အလှန်ရှင်းလင်းဖြေကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)