ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ရေယာဉ်ပိုင်ရှင်များအသင်းနှင့် ( ၂၃ .၅ .၂၀၂၂ ) ရက်နေ့ နံနက် ( ၁၁:၀၀ ) နာရီအချိန်တွင်အမှတ် (၃)ရပ်ကွက် အောင်မြင့်မိုရ်ဈေးရှိ ရေယာဉ်ပိုင်ရှင်များအသင်းရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် အသင်းဥက္ကဌဦးအောင်ဇော်က ရေယာဉ်ပိုင်ရှင်များအသင်းကို (၂၅.၃.၁၉၉၄) နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အလုပ်အမှုဆောင်(၇)ဦး အသင်းသား (၈၄၇)ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ယခုအခါ (၂၀၂၁ - ၂၀၂၂) ခုနှစ် (၆)လ ဘတ်ဂျတ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး အလုပ်အမှုဆောင် (၇) ဦး ၊အသင်းသား (၁၀၀)ဦး တို့ပါဝင်သော အသင်းကို ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် အသင်းဥက္ကဌအဖြစ် ဦးအောင်ဇော်က ပြန်လည်တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ရေယာဉ်လိုင်စင် သက်တမ်း ကုန်သော လိုင်စင်များ သက်တမ်းတိုးပေးခြင်း၊ လိုင်စင်မဲ့များအားလိုင်စင်ပြုလုပ်ပေးခြင်း၊ ရေယာဉ်ကြံခိုင်မှု၊ ကုန်စည်တင်ဆောင်မှု၊ ရေယာဉ်လိုင်းပိုင်မရှိသော ရေယာဉ်များအား လိုင်းပိုင်ရရှိရေး၊ ရေယာဉ်လမ်းကြောင်းတူညီသော ရေယာဉ်များအား အသင်းဖွဲ့စည်းနိုင်ရေး၊ ရေယာဉ်များတွင် မဖြစ်မနေထားရှိရမည့်မီးသက်ဆေးဘူး၊ သက်ကယ်ဘောကွင်းများ၊ သက်ကယ်ဝတ်စုံများရရှိနိုင်ရေး ၊ ရေယာဉ်အသင်းများအနေဖြင့် ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျေးရွာများအထိ ရေယာဉ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အသိပညာပေးဟောပြောမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ မြို့နယ်တာဝန်ခံက ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)