တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေး အဖွဲ့၏ (၂/၂၀၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှတက်ရောက်

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးဓာတ်သတ္တု ‌(‌ရွှေ) ရောင်း ဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်‌ရေးအဖွဲ့၏ (၂/၂၀၂၅) ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးအားကျင်းပခဲ့ရာ အဖွဲ့ဝင်တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတဝန်ကြီးမှ အဖွင့်အမှာစကားပြော ကြားကာ တိုင်းဒေသကြီးအမှတ်(၂)သတ္တုတွင်းဦးစီးဌာနမှ တိုင်းဦးစီးမှူးမှ ဓာတ်သတ္တု(ရွှေ) ရောင်း ဝယ်ခြင်းလုပ်ငန်းများ၏ မှတ်ပုံတင်လျှောက်ထား‌ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးခဲ့ကာ အစည်းအ‌ဝေးအား နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)