ကန်ကြီးထောင့်မြို့နယ်အထကစိုက်ပျိုးမွေးမြူရေးကျောင်းရှိဆရာ/ဆရာမများနှင့်ကျောင်းသူကျောင်းသားများအားအရေးကြီးဝန်ဆောင်မှုOnlineSaleလုပ်ငန်းများမှတ်ပုံတင်ခြင်းနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း

Powered by Drupal

             (၁၇.၂.၂၀၂၅)ရက်နေ့တွင် ကန်ကြီးထောင့် အ.ထ.က စိုက်ပျိုးမွေးမြူရေးကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၅၂) ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှ စစ်ဆေးရေးအရာရှိ  ဦးမြင့်နိုင်ထွန်းဦးဆောင်၍ ကန်ကြီးထောင့်မြို့နယ်  အ.ထ.က စိုက်/မွေးကျောင်းတွင် တွေ့ဆုံပြီး အွန်လိုင်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊အွန်လိုင်း ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များအားအသိပညာပေးဟောပြောခဲ့ပါသည်။

           အဆိုပါသင်တန်းတွင်Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁.၇.၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ Online Sale မှတ်ပုံတင် လက်မှတ်လျှောက်ထား လာမှုများအား မြေပြင်ကွင်းဆင်းစစ် ဆေး၍ လျှောက်ထားသည့်အချက်အလက်များနှင့် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)