ဘိုကလေးမြို့တွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး ကွင်းဆင်းစိစစ်ဆောင်ရွက်

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ ကလေးအာဟာရဖြည့်စွက်စာရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစိစစ်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ကလေးအာဟာရ ဖြည့်စွက်စာ (GOLD POWER/MIKKO MATE (NON,DAIRY CREAMER)) တို့တွင် မြန်မာ ဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ၊ FDA ထောက်ခံချက် အမှတ်အသားများ ရေးသားဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်။ ထိုနောက် ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား  ကုန်အညွှန်းဖော်ပြချက်ပြည့်စုံမှုများကိုသာ ရောင်းချရန်နှင့် တရားမဝင်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသား မပါသော ကုန်စည်များကို ဝယ်ယူရောင်းချခြင်း မပြုကြရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)