ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ဖမ်းဆီးထားသည့် အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် သုံးစွဲရန်မသင့်သော ပြည်ပနိုင်ငံမှတရားမဝင်တင်သွင်းလာသည့် ဘီယာ၊ ခေါက်ဆွဲခြောက်များနှင့် အဝတ်အထည်(ဟောင်း)များအား (၂၇.၅.၂၀၂၂) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် လားရှိုးမြို့နယ်၊ အကောက်ခွန်ဦးစီးဌာနရုံးဝန်းအတွင်းတွင် မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါမီးရှို့ဖျက်ဆီးပွဲသို့ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် မီးရှို့ဖျက်ဆီးခဲ့သည့် ပစ္စည်းအမျိုးအစားမှာ(၄)မျိုးဖြစ်ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၆၀,၈၀၀,၀၀၀) ဖြစ်ကာ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)