ဟင်္သာတမြို့နယ်အတွင်းရှိ စားသုံးဆီလက်လီ/ လက္ကားအရောင်းဆိုင်များအားရှောင်တခင်စစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးလုပ်ငန်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်းရှိ စားသုံးဆီ လက်လီ/ လက္ကား ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင်များအား ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတမြို့ရှိ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြား မသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများမြင်သာသောနေရာတွင် ချိတ်ဆွဲထားမှုရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)