မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်းရှိ Delivery လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ  ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၈.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ရုံး၌ Delivery လုပ်ငန်းလုပ်ကိုင်နေသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံမှ အမြန်ချောပို့လုပ်ငန်းများဖြစ်ကြသော MGL(Madnate Group Lodistics), Royal Express စသည့်  Delivery လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လုပ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေများအကြောင်း၊ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)