မြောင်းမြခရိုင် မြောင်းမြမြို့နယ်အတွင်းရှိ Delivery လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်မှ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့်  ဝန်ထမ်းများသည် (၁၈.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ Delivery လုပ်ငန်းလုပ်ကိုင်နေသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဟောပြောဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်က အမြန်ချောပို့လုပ်ငန်းများဖြစ်ကြသော Royal Express, MGL(Madnate Group Lodistics) စသည့်  Delivery လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လုပ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အားဦးစွာရှင်းလင်းပြောကြားခဲပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေများ အကြောင်း၊ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးမှလည်း စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော အကြောင်းအရာများ လိုအပ်သည်များကိုလည်း ပြည့်စုံစွာဖြည့်စွက်၍ အမြန်ချောပို့လုပ်ငန်းရှင်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)