
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှမော်သည် (၁၈.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် Delivery ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပတ်သက် သည့် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဒုတိယညွှန်ကြားရေးမှူးဒေါ်လှလှမော်က Delivery ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် ကုန်စည်၊ ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဌာနခွဲမှူး ဒေါက်တာသရဖီထွန်းမှDelivery ဝန်ဆောင်မှုလုပ်ငန်း သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းမှ သိလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)