ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၈.၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနအဖွဲ့နှင့် ပူးပေါင်း၍ ကြံခင်းမြို့၊ မြို့မဈေးကြီးအတွင်းရှိ ခွဲတမ်းရ စားအုန်းဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့အနေဖြင့်  ကြံခင်းမြို့နယ် မြို့မဈေးကြီးအတွင်းရှိစားအုန်းဆီ အရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရရှိသောခွဲတမ်းရစားအုန်းဆီဖြန့်ဖြူးရာတွင် ပြည်သူများ ထံသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊  ကြံခင်းမြို့နယ် ကိုယ်စားလှယ်မှဖြန့်ဖြူးပေးသည့် ခွဲတမ်းရစားအုန်းဆီများသတ်မှတ်ရည်ညွှန်းဈေးအပေါ် (၂%)အမြတ် ဖြင့်သာ ရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်း၊ စားအုန်းဆီအရောင်း ဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)