သက်ဆိုင်ရာထောက်ခံချက် အမှတ်ပါဝင်မှု ရှိ/မရှိ ဗူးသွပ်ဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

           ၂၀.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဓနုဖြူမြို့ရှိ ဘုရင့်နောင်လမ်းမပေါ်ရှိ ဒေါ်မြအေး ကုန်မျိုးစုံ၊ ဒေါ်အေးကုန်စုံဆိုင်၊ ပြည်စုံလှိုင်ကုန်စုံဆိုင်၊ ဦးအောင်သန်း ကုန်စုံဆိုင်သို့သွားရောက်၍ ကလေးအသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ အညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ ကျပ်သားတို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ရှင်းလင်းပြောကြားခဲ့ပြီး Lotus ဗူးသွပ် ရောနှောဆီများတွင် ရောနှောဆီရောင၈်းချမှု သက်မှတ်ချက်များအတိုင်းဖော်ပြထားပြီး သက်ဆိုင်ရာထောက်ခံချက် အမှတ်များ ပါဝင်ကြောင်း နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း သိရှိရပါသည်

DOCA(ဧရာဝတီ)