
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝေ သည် (၁၈.၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Center) ခန်းမ၌ အသိပညာပေး Call Center (1535) တွင် စားသုံးသူနစ်နာမှုများနှင့် စပ်လျဉ်း၍ ၍ တိုင်းကြားနိုင်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝေ က စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူနှင့် စားသုံးသူကာကွယ်ရေး အဓိပ္ပာယ်အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေရေးဆွဲ ပြဌာန်းရသည့် ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပါက တိုင်ကြားနိုင်သသည့် နည်းလမ်းများ၊ Call Center တည်ဆောက်ရသည့် ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပါက Call Center (1535) ကို ဆက်သွယ်တိုင်းကြားနိုင်သည့်အပြင် ပြည်တွင်းကုန်သွယ်မှုနှင့် ပတ်သက်၍ သတင်းအချက်များကို လည်း ဖြေကြားပေးကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)