ပြည်တွင်းစားသုံးဆီဖူလုံရေး ပုဂ္ဂလိကဆီစက်များ အဆင့်မြှင့်တင်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုများရရှိရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

Powered by Drupal

            ဧရာ၀တီတိုင်းဒေသကြီးအတွင်း ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ပုဂ္ဂလိကပိုင် ဆီစက်များ ခေတ်မီအဆင့်မြှင့်တင်နိုင်ရေးနှင့် ဆီစက်များတွင် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရရှိရေးအလုပ်ရုံဆွေနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ (၁-၆-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာ၀တီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းကို၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ၊ ညွှန်ကြားမှုဦးစီးဌာန၊ မြို့ပေါ်ရှိ ဆီစက်ပိုင်ရှင်၊ ဆီကုန်သည်တိုင်း ဆီကုန်သည်များ အသင်းဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့၀င်များ၊ ဆီစက်နှင့် ဆီဖြန့်ဖြူး ရောင်းချသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးဦးစိုးအောင်မှ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြ၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က တိုင်းအတွင်း ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးမှု အခြေအနေများနှင့် ဆီဖူလုံမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး  စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦး၀င်းဦးက တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက ဆီစက်များ ခေတ်မီအဆင်မြှင့်တင်နိုင်မည့် အခြေအနေအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်ပိုင်က ပုဂ္ဂလိကပိုင် ဆီစက်များတွင် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရရှိရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပုသိမ်မြို့ ငွေကျားဆီစက်ပိုင်ရှင်က လက်ရှိ ကြိတ်ခွဲထုတ်လုပ်မှု စျေးကွက်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့ရာ တာ၀န်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို (၁၂:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)