ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း အသစ်ပြန်လည်ဖွဲ့စည်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ရုံးခန်း၌ (၁.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်း ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုအခမ်းအနားသို့ သဲကုန်းမြို့ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း(၁၇)ဦး တက်ရောက်ခဲ့ကြ ပါသည်။

          သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး သဲကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းက ၂၀၁၉-၂၀၂၂ခုနှစ်တွင် မြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်းကို ဖျက်သိမ်းပြီး ၂၀၂၃-၂၀၂၅ ခုနှစ်တွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း အားကောင်းလာပြီး Contract  Framing စနစ်ကောင်းမွန်ပြီး အသင်းတိုးတက်စေရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆန်စက်လုပ်ငန်းရှင်များအသင်း အားကောင်းလာပြီး၊ ထုတ်လုပ်မှုပိုင်းတွင် အောင်မြင်လာစေရန် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူ တစ်ဦးချင်းမှ မိတ်ဆက်၍ သဲကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ၏အသင်း ဥက္ကဌကို ဒေါင်းယဉ်ပျံ ဆန်စက်မှ ဦးမြတ်ထွဋ်အောင်အား ရွေးချယ်ပြီး အသင်းဝင် (၁၉)ဦးဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ကြပါသည်။ သဲကုန်းမြို့နယ်တွင် ယခင်နှစ်က ဆန်စက်လုပ်ငန်းရှင် (၇၀)ကျော်ဖြင့် လုပ်ငန်းလည်ပတ်လျှက်ရှိရာ ယခုနှစ်တွင် ဆန်စက်လုပ်ငန်းရှင် (၃၀)ကျော်ဖြင့် ဆန်စက်လုပ်ငန်းများ လည်ပတ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)