တောင်ငူမြို့တွင် တိုင်းရင်းဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့ ပါဝင်သောအဖွဲ့ သည် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမြင့်အောင် ဦးဆောင်သော တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ပေါ် ရှိ တိုင်းရင်းဆေးရောင်းချသော ဆိုင်များသို့ သွားရောက်၍ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများ ရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက Online ပေါ်တွင်ရောင်းချသော “ရသေ့ ဆေး(သို့)ထိုင်းတိုင်းရင်းဆေး”သည် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိကြောင်း၊ “အာရှရွှေကြယ်အမှတ်တံဆိပ်” အဆစ်အမျက်ရောင်ရောဂါသောက်ဆေးသည် အများပြည်သူ အသုံး ပြုရန်မသင့်သောဆေးဝါးဖြစ်ကြောင်း အသိပေးကြေညာထားပြီးဖြစ်သော်လည်း ဈေးကွက်အတွင်း ရောင်းချလျှက်ရှိနေသည်ကို သိရှိရကြောင်း၊ “ဣစ္ဆာသယ”အမှတ်တံဆိပ် အခိုးပွင့်ဆေးနှင့် “ဝင်းပပ” အမှတ်တံဆိပ် ဆင်တုံးမနွယ်အစာကြေလေနိုင်လျက်ဆားတို့သည့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် တိုင်းရင်းဆေးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသော်လည်း လာရောက်ထုတ်ယူခြင်းမရှိကြောင်း၊ ၎င်းဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ကောက်ယူစစ်ဆေးရန်နှင့် တွေ့ရှိပါက သိမ်းဆည်းရန် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးက ညွှန်ကြားလာပါသဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ပါသည်။

              တောင်ငူမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အဆိုပါဆေး လေးမျိုးကို ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြရာတွင် လိုက်နာဆောင်ရွက်နိုင်ရန် ညွှန်ကြားထားပါကြောင်း၊ ယင်းညွှန်ကြားချက်တွင် တိုင်းရင်းဆေးဝါးများတွင်လည်း မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်မျာကို တိကျစွာဖော်ပြထားပါကြောင်း၊ ယင်းညွှန်ကြားချက်ကို ဆေးဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းဆေးရောင်းချသူများအနေဖြင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ တိကျစွာဖော်ပြထားသည့် တိုင်းရင်းဆေးများကိုသာ ရောင်းချကြရန်လိုပါကြောင်း အသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)