ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်( ၂၀.၂.၂၀၂၅ )ရက်နေ့ ၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့ပေါ်ရပ်ကွက်ရှိစားအုန်းဆီ ရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဟင်္သာတမြို့ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှတစ်ဆင့် ဇလွန်မြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဇလွန်ဆီကိုယ်စားလှယ်များမှတစ်ဆင့် လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး၊ထိုသို့ရောင်းချရာတွင်လည်းအဆင့်အလိုက်(၂)%အမြတ်ထက်ကျော်လွန်၍ရောင်းချ မှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်း ချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်းသိရှိရပြီး ဇလွန်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်း ဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)