
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၂.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့ ခမောက်စုကျေးရွာအတွင်းရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့သည် ခမောက်စုကျေးရွာအတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များအား သွားရောက်၍ ဓါတ်မြေဩဇာအိတ်များ ဈေးကွက်အတွင်းပစ္စည်း ပြတ်လပ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိစစ်ဆေးခြင်း၊ ဓါတ်မြေဩဇာအိတ်များတွင် မြန်မာဘာသာဖြင့်ရိုက် နှိပ်ဖော်ပြထားသော သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်းဆည်းရန် အညွှန်းများပါ/ မပါစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဈေးနှုန်းများမှာလည်း ယခင်ဈေးနှုန်းများနှင့် ကွာခြားမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း စိုက်ပျိုးရေးဆေးဆိုင်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ဧရာဝတီ)