တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကြာဖြူကျေးရွာနှင့် သဲကုန်းကျေးရွာရှိ ဆီထွက်သီးနှံစိုက်ပျိုးမှုအားသွားရောက်စစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၁.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်အဖွဲ့တို့နှင့်လိုက်ပါ၍ ကြာဖြူကျေးရွာနှင့် သဲကုန်းကျေးရွာတို့တွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံများအား သွားရောက်လေ့လာစစ်ဆေးခဲ့ပါသည်။

          ထိုသို့သွားရောက်လေ့လာစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချူပ်နှင့်အဖွဲ့သည်  မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကြာဖြူကျေးရွာတွင် တောင်သူဦးဝင်းဘိုပါ(၄)ဦး၏ စိုက်ပျိုးထား သောနေကြာ(၁၀)ဧကအားကြည့်ရှုအားပေးခဲ့ပြီး သဲကုန်းကျေးရွာရှိ တောင်သူ ဦးရွှေပွား၏  ပဲတီစိမ်း မျိုးသန့်စံပြစိုက်ခင်း  စိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့လျက် ကြာဖြူကျေးရွာရှိ ရုရှားနေကြာ (၉)မျိုးအား ယှဉ်ပြိုင်စိုက်ပျိုးထားသော စိုက်ကွက်များသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့သို့ဆက်လက် ထွက်ခွာသွားပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)