ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိ‌ကောင်းစရာများအား သင်တန်းပို့ချဟောပြောဆွေးနွေးခြင်း

Powered by Drupal

            ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည့် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းတွင် တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေဥပဒေအကြောင်း သိကောင်းစရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်းနှင့် Online မှရောင်းချရာတွင် Online မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြော သင်တန်းပို့ချဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ Online ဖြင့်ရောင်းချသည့် ကုန်စည်/ဝန်ဆောင်မှု များနှင့်ပတ်သက်၍ Online မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ရောင်းချရန်နှင့် Online မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပို့ချဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ မေးမြန်း ဆွေး နွေးခြင်းများဆောင်ရွက်ခဲ့ကာ သင်တန်းပို့ချမှုအား (၁၄း၃၀)နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)