မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌဦးဆန်းဌေး(ခရိုင်အုပ်ချုပ်ရေးမှူး)ဦးဆောင်၍ အဖွဲ့အတွင်းရေးမှူး ဦးဇော်လင်းအောင် (ခရိုင်ဦးစီးမှူး)စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) နာရီက မြောင်းမြမြို့အတွင်းရှိ မော်တော်ဆိုင်ကယ်ရောင်းချသောဆိုင်များ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များ တရားမဝင်ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်၊ စက်ကိရိယာများရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်စေရန်နှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မှုများအား လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ များမှ သတ်မှတ်ကဏ္ဍအလိုက် တားဆီးစစ်ဆေးအရေးယူဆောင်ရွက်မှုများ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ခဲ့ပါသည်၊ တရားမဝင်သွင်းကုန်များ (လူသုံးကုန်ပစ္စည်း၊ စက်ကိရိယာပစ္စည်း၊ စက်ဆီ၊ ချောဆီများ) တိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက်ပစ္စည်း၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးများ၊ Online မှ ရောင်းချသော(အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများ) တရားမဝင် မော်တော်ယာဉ်များ(ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်အပါအဝင်)ကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေး၊ ဖော်ထုတ်၊ ဖမ်းဆီး၊ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)