ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင် သာယာ‌ရေးအဖွဲ့တို့ပူးပေါင်း၍ ထားဝယ်မြို့၊ ‌ဗျောတောဝရပ်၊ ကရပ်ပြင်ရပ်ရှိ ဆန်အရောင်းဆိုင်များ အား စျေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ‌စျေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးရာတွင် မှတ်ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ် မှု ရှိ/မရှိ ၊ ဆန်အိတ်များ စနစ်တကျ သိုလှောင်ထားရှိမှုများ ဆောင်ရွက်ထားခြင်းနှင့် အရည်အသွေး ပြည့်မှီခြင်း ရှိ/မရှိ တို့အား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)