
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ထားဝယ်မြို့၊ ဗျောတောဝရပ်၊ ကရပ်ပြင်ရပ်ရှိ ဆန်အရောင်းဆိုင်များ အား စျေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးရာတွင် မှတ်ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ် မှု ရှိ/မရှိ ၊ ဆန်အိတ်များ စနစ်တကျ သိုလှောင်ထားရှိမှုများ ဆောင်ရွက်ထားခြင်းနှင့် အရည်အသွေး ပြည့်မှီခြင်း ရှိ/မရှိ တို့အား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
DOCA(တနင်္သာရီ)