
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ စဉ့်အိုးဘိုကျေးရွာသို့ သွားရောက်၍ ကျေးရွာရှိ စားသုံးသူပြည်သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
မြို့နယ်တာဝန်ခံမှ ကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းများဟောပြောခဲ့ပြီး ကျေးရွာရှိ ကုန်စုံဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)