စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးသည် အမှတ်(၃)ရပ်ကွက် ရွှေဟင်္သာဆီစက်သို့ (၈.၆.၂၀၂၂) ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် SMEဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ် -(၃)ရပ်ကွက်ရှိ ရွှေဟင်္သာ ဆီစက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ တစ်နေ့တာဆီကြိတ်ခွဲလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေများ၊ ဈေးကွက်အတွင်း ဆီရောင်းဝယ်မှုအခြေအနေများ မေးမြန်းပြီး ဆီစက်၏လုပ်ငန်းဖွံဖြိုးတိုးတက်ရေး၊ ဆီသန့်စင်သည့် နည်းပညာများ ပိုမိုတိုးတက်လာစေရေး အရည်အသွေးမြင့်မားသော ကုန်ချောထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)